Friday, April 27, 2012

တရုတ်စာသင်ခြင်း

အမေတို့ ဘက်က တရုတ်သွေးပါပေမဲ့ အမျိုးတွေတစ်ယောက်မှ တရုတ်စကား မတတ်ကြပါဘူး။
ငယ်ငယ်က ဘေးအိမ်ပတ်ဝန်းကျင်မှာ တရုတ်တွေရှိပေမဲ့ တရုတ်စာသင်ဖို့ စိတ်မကူးခဲ့ပါဘူး။
တရုတ်စာဟာ ကျမအတွက် အလွန်ခက်ခဲတဲ့ဘာသာစကားလို့ ထင်ခဲ့တာပါ။
သင်ယူဖြစ်လိမ့်မယ်လို့ လည်းမထင်ခဲ့ပါဘူး။
တလောက ဘာသာစကားတစ်ခုခုထပ်သင်မလားလို့ စဉ်းစားရင်း တရုတ်သာကို သင်ဖို့ 
ဆုံးဖြတ်လိုက်ပါတယ်။
တကယ်တော့ တရုတ်စာက ကျမထင်သလောက်မခက်သလိုပါပဲ။ သင်ရင်းနဲ့  ပျော်လာတယ်။
တရုတ်စာကို စလေ့လာမယ်ဆိုတော့ Internet မှာ တရုတ်စာသင်တာတွေလျှောက်ရှာကြည့်ပါတယ်။
သင်တန်းတွေအများကြီးထဲက http://www.chinesisch-keinproblem.de ဆိုတာကိုရွေးလိုက်ပါတယ်။
အဲ့ဒီ Online သင်တန်းမှာ လေ့ကျင့်ခန်း ၁ ကနေ ၁၀အထိ အလကားသင်လို့ ရပါတယ်။
ကျမလည်း အစမ်းသဘောနဲ့  စလေ့လာကြည့်ပါတယ်။ အဲ့ဒီမှာ စာလုံးတွေကို MP3 နဲ့ ပြောထား
တဲ့အသံထွက်တွေလည်းပါတော့ အဆင်ပြေပါတယ်။ စာလုံးရေးနည်းတွေကိုလည်း အဆင့်ဆင့်
ရေးပြထားလို့ လေ့ကျင့်ရတာ အဆင်ပြေပါတယ်။ အသံထွက် လေ့ကျင့်နိုင်ဖို့  Pinyin ဇယားလည်း
အသံထွက်နဲ့ တကွရှင်းပြပေးထားပါတယ်။

စစခြင်းတော့ အလွန်ခက်ပါတယ်။  စာလုံးတလုံးရေးဖို့  တော်တော်ကို စိတ်ရှည်ရပါတယ်။
ရသွားတော့ နောက်တစ်လုံးထပ်လေ့ကျင့်ချင်လာပါတယ်။ ဒီလိုနဲ့ ကျမစလေ့လာခဲ့ပါတယ်။
စာလုံးတွေကို ကဒ်ပြားပေါ်မှာရေးပြီးသွားလေရာယူသွားပါတယ်။ ရတဲ့အချိန်တိုင်းမှာ ဖတ်ပါတယ်။
အဆင်ပြေရင် အရေးလေ့ကျင့်ပါတယ်။ အလုပ်သွား၊အလုပ်ပြန် ရထားပေါ်မှာတော့ ကျမ
စာအဖတ်ဖြစ်ဆုံးပါပဲ။

Online သင်တန်းမှာ လေ့ကျင့်ခန်း ၂၀လောက်ရောက်တော့ ကျမ တရုတ်ကျောင်းသွားတက်
ဖြစ်ပါတယ်။ ဆရာတစ်ယောက်ယောက်နဲ့  လက်တွေ့ အသံထွက်တွေပြင်ချင်လို့ ရယ်။
တရုတ်လူမျိုးတွေအကြောင်းပိုသိချင်လိုရယ်၊ တခြားသူငယ်ချင်းတွေရချင်လိုရယ်....
စတဲ့ရည်ရွယ်ချက်တွေနဲ့ Konfuziusinstitut (http://www.konfuziusinstitut.uni-freiburg.de) မှာ
သွားတက်ဖြစ်ပါတယ်။